ဆုံဆည်းရာ ဘလော.မှ ကြိုဆိုပါတယ်ခင်ဗျာ
ဒီဘလော.ကို သူငယ်ချင်းများနဲ.စုပေါင်းရေးခြင်းသာဖြစ်ပါတယ် ဆုံဆည်းရာဘလော.မှ ကြိုဆိုပါတယ်လာရောက်လည်ပတ်သောသူငယ်ချင်းများကို ကျေးဇူးတင်ပါတယ် ကျွန်တော့်တို.ဆိုဒ်မှ ကူးယူတင်ပြသော ဘလော့များအား ဆိုဒ်လိပ်စာထည့်သွင်းဖော်ပြပေးပါ ရန် မေတ္တာရပ်ခံပါတယ်

Sunday, December 9, 2012

NET ပေါ်က ဟာသတိုများကိုပြန်လည်စုစည်းမှု

သားအပြစ်မဟုတ်....
 သား။ကိုယ်မလုပ်တဲ့ အလုပ်ကို အပြစ်ပေးခံရတာ တရားသလား ဖေဖေ။

 ဖေဖေ။ဘယ်တရားမလဲကွ။

 သား။ဒါဆို ဆရာမကို ဖေဖေလိုက်ပြောပေး။

အိမ်စာ မလုပ်လို့ ဆိုပြီး သားကိုအပြစ်ပေးတယ်။

 မမျှော်လင့်နဲ့ 
 ဆေးလိပ်၊အရက်၊မိန်းမကင်းရှင်းသောသူအလိုရှိသည် ဟု


အပျိုကြီးတစ်ယောက်သတင်းစာထဲတွင်ကြေညာထည့်သည်။ တစ်ကိုယ်လုံးအရက်နံ့ထွက်နေပြီး

လက်ထဲတွင်စီးကရက်ကိုင်ထားသောလူတစ်ယောက်ရောက်လာသည် အပျိုကြီးကမေးသည် ''ဘာကိစ္စလဲ'' '

သတင်းစာထဲမှာကြေညာထားတဲ့ကိစ္စ'' ''ဪ ရှင်အရက်မသောက်တတ်ဘူးလား'' ''မိုးလင်းမိုးချုပ်

တစ်နေကုန်သောက်တယ်'' ''ဆေးလိပ်တော့မသောက်ဘူးမလား'' ''ဘယ်ကသာ သောက်တာမှ

မီးခိုးခေါင်းတိုင်လိုပဲ တနေ့ငါးဘူးလောက်ကုန်တယ်'' ''ဒါဖြင့်မိန်းမတော့ကင်းရှင်းတယ်ဟုတ်'' '

'ပေါက်ပေါက်ရှာရှာ မိန်းမဆို ပျိုပျို အိုအို လာထားပဲ'' ''ဟွမ် ဒါဆိုရှင်ဘာလာလုပ်တာလဲ''

''ခင်ဗျားကျုပ်ကိုလုံးဝမမျှော်လင့်နဲ့လို့လာပြောတာ''

 မဆော့နဲ့

မမရဲ့အင်းကျီကိုချွတ်လိုက် မမရဲ့

စကပ်ကိုလဲချွတ် မမရဲ့ ဘရာစီရာကိုလဲချွတ်လိုက် မမရဲ့ အတွင်းခံဘောင်းဘီပါချွတ် နောက်မှတ်ထား မမရဲ့

အဝတ်အစားတွေကိုယူမဆော့နဲ့ သူခိုး မိမိ၏မိန်းမဖောက်ပြန်နေသည်ဟု


သံသယဝင်နေသောယောက်ျားသည် ခရီးသွားမည်ဟုမိန်းမကိုပြောပြီး ညဘက်တိတ်တိတ်လေးပြန်လာပြီး

အခန်းထဲတွင်ပြောသည့်စကားများကို အခန်းအပြင်မှခိုးနားထောင်နေသည်။ ''တစောင်းလှဲလိုက်၊အင်း

ဟိုဘက်နည်းနည်းရွှေ့၊ခြေထောက်ကိုအပေါ်ထောင်လိုက် ဟုတ်ပြီ ရပြီ ရပြီ၊ကဲစဆွဲမယ်''

တခေါခေါနှင့်အိပ်မောကျနေသည် စန္ဒရားကြီးမရှိတော့ချေ။

မှန်ခွဲမိသူ ထောင်သားအသစ်တစ်ယောက်ကို ထောင်သားအဟောင်းများကမေးကြသည်

''မင်းဘယ်နှနစ်ကျတာလဲ၊ဘာအမှူလဲ'' ''အနှစ်နှစ်ဆယ်ပါ၊အမှူကတော့ ပြတင်းပေါက်မှန်ကိုခွဲမှူပါ''

''ဟာ ပြတင်းပေါက်မှန်လေးခွဲမိတာ အဲ့လောက်ကျရလား'' ''ကျွန်တော်ခွဲလိုက်တဲ့ ပြတင်းပေါက်မှန်

ကရေငုပ်သင်္ဘောကပါ'' သုတေသန အမေရိကနှ်သုတေသီတို့ အမေရိကန်နိုင်ငံမှ မြေကြီးကိုတူးသည်

၁၀ပေ ရောက်သောအခါကြေးနန်းကြိုးစကိုတွေ့သည် အမေရိကန်နိုင်ငံသည် လွန်ခဲ့သောနှစ်တစ်ရာ

ကတည်းကကြေးနန်းဆက်သွယ်ရေးထွန်းကားခဲ့သည် ဟုကြေညာလိုက်သည်။ ဂျပန်သုတေသီတို့

ဂျပန်နိုင်ငံမှ မြေကြီးကိုတူးသည် ၅ပေ ရောက်သောအခါကြေးနန်းကြိုးစကိုတွေ့သည် ဂျပန်နိုင်ငံသည်

လွန်ခဲ့သောနှစ်ငါးဆယ် ကတည်းကကြေးနန်းဆက်သွယ်ရေးထွန်းကားခဲ့သည်

ဟုကြေညာလိုက်သည်။ မြန်မာသုတေသီတို့ မြန်မာနိုင်ငံမှ မြေကြီးကိုတူးသည် ၅ပေ ဘာမှမတွေ့၊ ၁၀ပေ

ဘာမှမရှိ၊၁၅ပေ မတွေ့ မြန်မာနိုင်ငံသည်လွန်ခဲ့သောနှစ်တစ်ရာ့ငါးဆယ် ကတည်းက Wireless

ဆက်သွယ်ရေးထွန်းကားခဲ့သည် ဟုကြေညာလိုက်သည်။ ဖေဖေ

''မေမေ ဖေဖေကြီးကမကောင်းဘူးသိလား'' ''ဘာဖြစ်လို့လဲသားရဲ့'' ''သားဒီနေ့ကျောင်းသွားတော့

ဘတ်စ်ကားပေါ်မှာသားထိုင်နေတဲ့နေရာကို အန်တီတစ်ယောက်ကိုပေးထိုင်လိုက်တယ်'' ''ဪ

အဲဒါဘာဖြစ်လို့လဲ ကုသိုလ်တောင်ရပါတယ်သားရဲ့'' ''ဟာ မေမေကဘာသိလို့လဲ

သားကဖေဖေ့ပေါင်ပေါ်မှာ ထိုင်နေတာ'' မပျံနိုင်ရင် "ကွန်ပလိမ်း" မတက်နဲ့ကွာ

သူစီးရမယ့် လေယာဉ်ထိုင်ခုံနေရာကိုရောက်တော့

ကိုထုံတယောက်တော်တော်အံ့သြသွားတယ်။သူ့ဘေးကပ်လျက်ခုံမှာ ကြက်တူရွေးတကောင်

ထိုင်နေတာကိုး...ဒီလိုနဲ့လေယာဉ်ထွက်လာလို့မကြာခင်မှာဘဲ အစားအသောက်တွေ

စတင်ကျွေးမွေးတော့လေယာဉ်မယ်လေးက မေးလာတယ်..."အစာမစားမီ ဘာများ သောက်ချင်ပါသလဲ

ရှင်"ကိုထုံက... "ကော်ဖီတစ်ခွက် ပေးပါ" လို့ မှာတယ်။ကြက်တူရွေးက..."ငါ့ အတွက်

ဝီစကီတစ်ခွက်ပေးစမ်း ကောင်မ...ကြားလား"...တဲ့။လေယာဉ်မယ်လည်း အံ့သြသွားပေမယ့် ဘာမှ

မပြောဘဲ

ဝီစကီတစ်ခွက်ယူလာပေးတယ်၊ကော်ဖီကတော့ မေ့ပြီး ပါမလာဘူး။ခဏနေတော့ ကြက်တူရွေးက

ထပ်မှာပြန်တယ်..."ဝီစကီတခွက်ထပ်ယူပေးစမ်း...သောက်ရူးမလေး"...........လေယာဉ်မယ် ဒေါသနဲနဲထွက်ပြီးမျက်မှောင်ကြုပ်လို့

ဝီစကီတစ်ခွက်ထပ်ယူလာပေးပြန်တယ်။ဒီတခါလည်း ကော်ဖီက ပါမလာပြန်ဘူး.......ကိုထုံလည်း

ကြက်တူရွေးလမ်းစဉ်လိုက်ပြီးမှာမှရမယ်လို့ တွေးပြီး......"ငါ့ကော်ဖီကိုမြန်မြန်သွားယူစမ်း ဝက်မလေး၊

မဟုတ်ရင် နင့်ကို ကန်မိတော့မယ်"ခဏနေတော့ လေယာဉ်မောင်ခပ်ထွားထွား

၂ယောက် ရောက်လာတယ်။ကိုထုံ နဲ့ ကြက်တူရွေးကို ဖမ်းချုပ်ခေါ်လာပြီး

အရေးပေါ်အပေါက်ကနေ လေယာဉ်အပြင်ကိုပစ်ချလိုက်ပါတော့တယ်....ဒီမှာတင် ကြက်တူရွေးက ကိုထုံ့ ကို
လှမ်းပြောတယ်... .... ..."မင်းက ပျံလည်းမပျံနိုင်ဘဲနဲ့ Complain တယ်များကိုးကွ"....တဲ့။ အမှတ်တစ်ရာ

ဆူဆီလေးက အိမ်ကို ၀မ်းသာအားရ နဲ့ အပြေးပြန်လာပါတယ်။ သူ့မေမေကိုတွေ့တော့ "မေမေ

သမီးစာမေးပွဲမှာ အမှတ်တစ်ရာ ရတယ်" လို့ပြောပါတယ်။ ဒါနဲ့ သူ့မေမေက "တော်လိုက်တာ

သမီးရယ်။ မေ့သမီးလေးက ဟုတ်လှချည်လား။ ဘယ်ဘာသာမှာရတာတုံး"လို့မေးပါတယ်။

ဆူဆီက ပြုံးရင်း"နှစ်ဘာသာကြီးများတောင်မေမေရဲ့"လို့ပြောပြီး ဆက်ပြောတာက "အင်္ဂလိပ်စာမှာ ၅၆

မှတ်ရတယ်။သင်္ချာက ၄၄ မှတ်"တဲ့။ ချစ်ဖို့ကောင်းတဲ့ ကျွန်တော့်ခွေး လူတစ်ယောက် ဆိုင်တစ်ဆိုင်ထဲကို

ဝင်သွားတဲ့အချိန်မှာ ဆိုင်ထဲမှာချစ်စရာကောင်းတဲ့ ခွေးလေးတစ်ကောင် ကိုတွေ့လို့ ဘေးနားမှာရှိတဲ့

ဆိုင်ဝန်ထမ်းတစ်ယောက်ကိုမေးလိုက်တယ် : “ခင်များခွေးက ကိုက်တတ်လားဗျ” “ကျွန်တော့်ခွေးက

မကိုက်တတ်ပါဘူခင်မျာ” ဒါနဲ့သူလဲ ခွေးလေးကို ပွတ်သပ်ပေး မလို့ကိုင်လိုက်တော့ ခွေလေးက

ကိုက်ပါလေရော။ “အားးးးးးးးးးးးးး…….ခင်များပြောတော့ ခင်များခွေးက မကိုက်ဘူးဆို” “အဲဒါ

ကျွန်တော့်ခွေး

မဟုတ်ပါဘူး ခင်မျာ” အရည်ပျော်ကုန်မှာစိုးလို့ အမေဖြစ်သူက သမီးနှစ်ယောက်ရှိတဲ့အခန်းထဲကိုဝင်လာပြီး

“မမ နဲ့ မီးမီး မေမေနေ့လည်စာ ချက်နေတာကိုလာကူကြစမ်း” လို့ပြောပြီးပြန်ထွက်သွားတယ်။

အဲဒီအချိန်မှာ

မမကအာဖရိကကြောင်းရေးထားတဲ့ စာအုပ်တစ်အုပ်ကိုစိတ်ဝင်တစားဖတ်နေပြီး မီးမီးကတော့

ကစားနေတာပေါ့။ သူတို့နှစ်ရောက်စလုံးအမေကိုသိပ်မကူညီချင်ကြဘူး။ ဒါပေမယ့်မီးမီးကမေမေ့ကို ကူညီ

လုပ်ကိုင်ပေးပြီးမှဆက်ကစားမယ်ဆိုပြီး မီးဖိုခန်းထဲကိုထွက်သွားတယ်။ခဏကြာတော့

အခန်းထဲကိုပြန်ဝင်လာပြီး “မမ မေမေ့ကိုသွားမကူဘူးလား။” "အခု မမအိမ်မှာမရှိဘူးညီမလေး။အာဖရိက

ကိုရောက်နေတယ်။ဒီမှာ အပင်တွေကလဲအများကြီး။ပြီးတော့ ကြက်တူရွေးလေးတွေလဲပျံနေကြတယ်။"

မီးမီးလဲဘာမပြောဘဲ မီးဖိုခန်းထဲ နောက်တစ်ခေါက်ထပ်ထွက်သွားတယ်။နောက် မိနစ်

၂၀ လောက်ကြာတော့ အခန်းထဲကိုပြန်ဝင်လာပြီး ထိုင်ကစားနေတယ်။အဲဒီအချိန်မှ မမ က

“ကဲ……အခုတော့ ငါအိမ်ပြန်ရောက်ပြီ”ဆိုပြီး စာအုပ်ကိုချလိုက်တယ်။ပြီးတော့ မီးမီး ကို တအံ့တသြ

ကြည့်ပြီး……. “မီးမီး..နင်ဘာတွေစားနေတာလဲ” “ညီမလေးလား…ဒုတိယမြောက်ရေခဲမုန့်ကို

စားနေတာလေ။ပထမ တစ်ခုက ညီမလေးဟာ…..အခုစားနေတာက မမရဲ့ရေခဲမုန့်”

“ဟင်…….မမရေခဲမုန့်ကိုဘာလို့စားပြစ်ရတာလဲ” “မေမေကပြောတယ်……မမက အာဖရိက

ကနေဘယ်တော့မှပြန်လာမှာမှန်းမသိဘူးတဲ့။ရေခဲမုန့်တွေ က အရည်ပျော်တတ်တယ်တဲ့” ဆရာမကိုချစ်လို့

“မေမေ…..သမီးတို့ဆရာမက အရမ်းသဘောကောင်းတာဘဲသိလား။သမီးကဆရာမကို

အရမ်းအရမ်းချစ်တာ” “ဟုတ်လား…မေမေအရမ်းဝမ်းသာပါတယ်သမီးရယ်”

“ဟုတ်တယ်မေမေ..အဲဒါကြောင့် သမီး ပထမတန်းမှာပဲနောက်တစ်နှစ်ထပ်နေခဲ့တယ်” မရှိပါဘူးဆရာ

ကလောင် ကလင် ကလောင် ကလင်……………….. “ကဲကျောင်းဆင်းခေါင်းလောင်းထိုးပြီ။

ဒီနေ့အတွက်သင်ခန်းစာကတော့ ဒီလောက်ပဲ။ငါ့တပည့်တွေ ဒီနေ့သင်တာနဲ့ ပါတ်သတ်ပြီးမေးစရာရှိလား”

“မရှိပါဘူးဆရာ” “အေးအေး….။နားလည်တာရောရှိလား” “မရှိပါဘူးဆရာ” အမေးအဖြေ “ငါ့သား

မင်းဘာလို့စာမေးပွဲမအောင်တာလဲ ပြောစမ်း။မင်းအဲဒီမေးခွန်းတွေအကုန်လုံးကို သိတယ်မဟုတ်ဘူးလား”

“ဟုတ်ပါတယ်ဖေဖေ။မေးခွန်းတွေအကုန်လုံးကို သားသိပါတယ်။ဒါပေမယ့် အဖြေတွေမှသားမသိတာ”

လူလိမ္မာလေး လိုင်းကားတစ်စီးပေါ်မှာလိုက်လာတဲ့ အမျိုးသားတစ်ယောက်က သူ့ဘေးမှာထိုင်နေတဲ့

အမျိုးသမီးတစ်ယောက် လှည့်ကြည့်ပြီး : “ခင်များမှာ ကလေးရှိလားဗျ”

“ဟုတ်ကဲ့..သားတစ်ယောက်ရှိပါတယ်ရှင့်” “သူက ဆေးလိပ်သောက်တတ်လား” “မသောက်ပါဘူးရှင်”

“အော်..အဲဒါကောင်းတယ်။ပြီးတော့အိမ်ပြန်ရောနောက်ကျတတ်လားဗျ” “မနောက်ကျပါဘူး”

“အိုး..ခင်များသားက တစ်ကယ့်လူလိမ္မာလေးပဲဗျ။ဒါနဲ့ သူ့အသက်ဘယ်လောက်ရှိပြီလဲ”

“ခြောက်နှစ်ရှိပါပြီရှင်”

No comments:

Post a Comment

comment တခုဟာ စာရေးသူအတွက် အားဆေး တခွက်ပါ ။