" မည်သို့ ဘဝကူးပြောင်းကြသနည်း "
သေရွာပြန်များ အတိတ်ဘဝကို အမှတ်ရသောလူဝင်စားများကြောင့်လူ တို့သည်သေဆုံးကွယ်လွန်ပြီးလျှင် နောက်တစ်ဘဝသို့ကူးပြောင်းတတ်ြေ ကာင်းမှာထင်ရှားနေလေသည်။
သို့သော် ဗုဒ္ဓ၏ဒေသနာတော် အစဉ်တွင် " အသက်ကောင် အတ္တကောင် " မရှီ
တစ်ဘဝမှ တစ်ဘဝသို့ ကျင်လည်သွားလာနေသော ဝိညာဉ်ကောင်မရှိဟု
ဟောကြားတော်မူသည်ကို သတိမူကြဖို့ လိုပေသည်။ အချို့က
ဤဘဝတွင်ဖြစ်နေသောအသက်အတ္တသည်ပင် နောက်ဘဝသို့ ကူးပြောင်းလေ့ရှီသည်ဟု
မှားယွင်းစွာယူဆ ထင်မြင်တတ်ကြသည် ။
ဘဝ သံသရာရှီသည်ဟုဆိုသော်လည်း ဘဝကူးပြောင်းပုံမှာ ဝိညာဉ်က ကိုယ်မှခွာကာ တစ်ခြားတစ်ခုထဲသို့ သွား၍ ဝင်သည်မျိုးမဟုတ်ပေ၊လူတစ်ဦး သေဆုံးတော့မည်ဆိုသော
အခါ ( လူမှမဟုတ်၊မည်သည့်သတ္တဝါမဆို သေကာနီးသောအခါ " မရဏသန္နဇော"ငါးဇောပြန်လေ့ရှိေ
ဖြင့် သုံးနှုန်းပြောဆိုကြ၏ ။ ထိုဇောပြန်ပုံမှာ သက်ရှိထင်ရှားအချိန်တွင် ဖြစ်လေ့ရှိသော ပဉ္စဒွာရခေါ် မျက်စေ့ ၊ နား ၊ နှာခေါင်း ၊ လျှာ ၊ ကိုယ်တို့ဖြင့် မြင်တွေ့ထိသိကြား အာရုံမျိုးမဟုတ်ချေ ဆရာတော်တစ်ပါး လူသေပုံကိုပြောကြားရာ၌ . . .
သေခါနီးရင် မှောင်ကြီးကျသွားတယ် ၊ ပြင်ပအာရုံတွေ ဘာမှမရှိတော့ဘူး ၊ သတ္တဝါတွေဟာ " ဘဝနိကန္တိလောဘဇော " လို့ခေါ်တဲ့ဘဝကိုတပ်မက်တဲ့တဏှာကြ
ကြီးထဲမှာ မှီရာကမ်းရာကို လှမ်းဆွဲတာပေါ့ ၊ အဲဒီမှာ ကိုယ်သွားရမယ့်ဘဝကို ထင်တဲ့ဂတိနိမိတ်ကို မြင်တတ်တယ် ၊ဥပမာပြောရရင်သတ္တဝါတစ်မျိုးမျို
ကို ဆွဲထင်တတ်တယ် ၊ ကံနိမိတ်နဲ့ ကမ္မနိမိတ် တစ်မျိုးမျိုးလဲ ထင်တတ်သေးတယ် ၊ အဲဒါကတော့ မိမိပြုခဲ့တဲ့ ကောင်းမှုကံ မကောင်းမှုကံကိုပြုစဉ်ကအတိုင်ြး
အော်သံ ၊ ဒါတွေကြားရရင်တော့ မကောင်းတဲ့ဘဝရောက်မယ့် အကုသိုလ်ကံနိမိတ်ပဲပေါ့ ၊ နောက်ကုသိုလ်၊အကုသိုလ်ပြုစဉ်
အသက်လဲထွက်ရော အဲဒီမြင်ရတဲ့ နိမိတ်အတိုင်း ဘဝသစ်ဖြစ်တော့တာပဲ ဒီလို ဘဝသစ်ဖြစ်ရာမှာ ဘယ်လောက်မြန်သလဲဆိုရင် ဒီဘဝ ဒီခန္ဓာဟာ ( ဥပါတ်=ဌီဘင် )ဖြစ်၊တည်ပျက်ဆိုပြီး
ခဏမစဲ ဖြစ်ပျက်နေတာပဲ အဲဒီမရဏသန္နဇော " ဘင် " ပြီးတာနဲ့ ဟိုဖက်ဘဝ " ဥပါတ် " ဖြစ်တာဟာ တစ်ဆက်တည်းပဲ ဒီမှာ " ပျက် " ဟိုမှာ " ဖြစ် "အဲဒီလိုကူးတဲ့ကြားကိုအဘိညာဉ်
သူတွေတောင်မမြင်နိုင်ဘူး ၊ ဘုရားကိုယ်တော်မြတ်ကြီးတစ်ပါးပဲ မြင်နိုင်တယ် ၊ ဒါကြောင့် ဒီလူကပဲ ဒီ " ခွေး " ဖြစ် ၊ ဒီလူကပဲ ဒီနတ်ဖြစ်လို့ ဆက်နေသလို ထင်ကြရသတဲ့ဟုပြောပြသည်
ကို နားထောင်ခဲ့ရဖူးပါသည်။
သေကာနီး မှောင်ကျသွားချိန်သည် မျက်စေ့ ၊ နား ၊ နှာ ၊ လျှာ ၊ ကိုယ် ပဉ္စာရုံနှင့် လွတ်သွား၍ ကက်ဆက်ခွေဖွင့် ကြေးစည်ထုလျှင်လည်း ကြားနိုင်မည် မဟုတ်ပေ ။ ထို့ကြောင့်
သေသောအခါ မည်သူမျှ မကယ်နိုင် ၊ မိမိ၏ဘဝ၌ ပြုလုပ်ခဲ့သော ကုသိုလ်ကံကသာ မိမိကို ကောင်းသော ဘဝသို့ ပို့ဆောင်နိုင်မည်ဖြစ်လေသည်။ ဤတွင် ဘဝကူးကောင်း၍ ဇဂတိဿ
ရဥာဏ်ရကာ မှတ်မိ ကြသူများသည် ကုသိုလ်ကံ၏ အထောက်အပံ့ကြောင့်ပင် ဖြစ်သည်ဟု နားလည်ထားသင့်ကြပေသည်။ ဤဘဝတွင် ဖြစ်သော ရုပ်နာမ်ခန္ဓာသည် ကုသိုလ်၊အကုသိုလ်
အစွမ်းဖြင့် မြန်စွာအသစ်ဖြစ်ခြင်းဖြစ်သည်။ ဤသို့ယူမှသာ ဒေသနာနည်းကျမည်ဖြစ်လေသည်။ ဤဘဝ ခန္ဓာမှာလည်း " ဖြစ် တည် ပျက် " ငါးဆယ့်တစ်ချက်ဖြင့် ( စိတ်တစ်ကြိမ် ရုပ်ငါး
ဆယ့်တစ်ကြိမ် ) ဖြစ်နေသည်ကို အဘိဓမ္မာတရားတော်၌ ထင်ရှားစွာတွေ့နိုင်သည်။
ခန္ဓာသည် အစဉ်အတိုင်းဖြစ်နေသည်မဟုတ် ၊ ဖြစ်လိုက်ပျက်လိုက် ခဏမစဲ ဖြစ်နေသည်။ သေသောအခါ နောက်ဆုံး " ဘင်ခဏ " ( ပျက်ခဏ ) ဖြင့် ရုပ်နာမ်ချုပ်ဆုံးကာ ပုထုဇဉ်အဖို့ နောက်ဘဝသစ်တစ်ခု ရုပ်နာမ်သစ်ဖြစ်ကာ သံသရာလည်ရပြန်တော့၏။ အရိယာ ရဟန္တာတို့ အဖို့ကနောက်ဆုံး " ဘင် "ခဏ ( ပျက်ခဏ ) ရောက်သည်နှင့် ဖြစ်စရာဘဝ
မရှီတော့သောကြောင့် ပရိနိဗ္ဗာန် ပြုလေတော့သည်။ သံသရာမှ လွတ်လေတော့သည်။ သံသရာမှ မလွတ်မီ ကုသိုလ်သည် အရေးကြီး၏ ။ အပါယ်သို့မကျရန်နေ့စဉ်ဆွမ်းလော
ကထိန်သင်္ကန်း ၊ ဝါဆိုသင်္ကန်းကပ်ခြင်း ၊ စာရေးတံမဲလှူခြင်းတတ်နိုင်သမျှ မေတ္တာဘာဝနာနှင့် ဒါနအမှုတို့ကို ပြုလုပ်မှသာ ဘဝကူးကောင်းနိုင်ကြမည်ဖြစ်သည်။ ကုသိုလ် ၊ အကုသိုလ်
ဟူသော အကြောင်းတရားသည် " ဇာတိ " ဟူသော ( ကောင်းဘဝ/မကောင်းဘဝ ) သို့ ပို့တတ်ကြောင်း နားလည်သတိရှိကြဖို့ လိုလေတော့၏ ။
ကျေးဇူးပါ ကို တိမ်တိုက် ရေ အားပေးသွားပါတယ်
ReplyDelete